သီရိလင်္ကာက အိန္ဒိယ၊တရုတ်၊ထိုင်း တို့နှင့်ကုန်သွယ်ရေးဆွေးနွေးမှုစတင်မည်

0
264

ကိုလံဘို၊ဇန်နဝါရီ ၅

သီရိလင်္ကာသည် လေးနှစ်ကြာဆိုင်းငံ့ထားသည့် အိန္ဒိယ၊ တရုတ်၊ထိုင်းတို့နှင့် ကုန်သွယ်ရေးသဘောတူညီချက်များကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ (၅)ရက်ကပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်ကညှိနှိုင်းမှုများ ရပ်ဆိုင်းပြီးနောက် တတိယအကြိမ်ဆွေးနွေးပွဲကိုစတင်ရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများသည် သီရိလင်္ကာသို့ တနင်္လာနေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၂၁ ခုနှစ်က နှစ်နိုင်ငံကုန်သွယ်မှုအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလျံခန့် စီရရှိခဲ့သော သီရိလင်္ကာ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် အိန္ဒိယ၊တရုတ်တို့နှင့် စေ့စပ်ညှိနှိုင်းမှုများကို ဖေဖော်ဝါရီလနှင့် မတ်လတွင်စတင်မည်ဟု မျှော်လင့်ထားသည်။

“အခုဆွေးနွေးမှုက အကျပ်အတည်းကြားကျရောက်နေတဲ့ သီရိလင်္ကာအတွက်အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ဖို့ဖြစ်ပါတယ်” ဟုလည်းဆိုသည်။

ယခုဆွေးနွေးပွဲ၏အဓိကရည်ရွယ်ချက်ဖြစ်သည့် သဘောတူညီချက်များအား ၂၀၂၃ အကုန်နှင့် ၂၀၂၄ နှစ်ဆန်းပိုင်းတွင်အကောင်အထည်ဖော်နိုင်ရန်လည်းရည်ရွယ်ထားသည်ဟုသိရသည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here