အီတလီတွင် လောင်စာဆီအခွန်များ လျှော့ပေါ့ပေးခြင်း ကာလကုန်ဆုံးပြီးနောက် ဈေးများပြန်တက်လာ

0
398

အီတလီတွင် လောင်စာဆီနှင့်ပတ်သက်သည့် အခွန်အခများကို လျှော့ပေါ့ပေးခြင်း ကာလကုန်ဆုံးပြီးနောက် ဓာတ်ဆီနှင့် ဒီဇယ်ဈေးများ သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့သည်။

အီတလီ သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်လုံခြုံရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၂ ကုန်ခါနီး တစ်နိုင်ငံလုံး ပျမ်းမျှဈေးနှုန်းမှာ ဓာတ်ဆီတစ်လီတာလျှင် ၁.၆၄ ယူရို (အမေရိကန်ဒေါ်လာ ၁.၇၄) နှင့် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ဝန်ဆောင်မှုပေးသည့် ပန့်များတွင် ဒီဇယ်အတွက် တစ်လီတာလျှင် ၁.၇၁ ယူရိုဖြစ်သည်။

အခွန်လျှော့ပေါ့ပေးခြင်းကာလ သက်တမ်းကုန်သွားသဖြင့် ရက်အနည်းငယ်အတွင်း လောင်စာဆီ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာရာတွင် ဓာတ်ဆီအတွက် ၉.၈ ရာခိုင်နှုန်း ဈေးတက်လာပြီး ဒီဇယ်အတွက် ၉.၄ ရာခိုင်နှုန်း ဈေးတက်ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် ပထမရက်များတွင် နိုင်ငံတစ်ဝန်း ဓာတ်ဆီ ဈေးနှုန်းများသည် တစ်လီတာလျှင် ယူရို ၁.၉၅ နှင့် ဒီဇယ်ဆီမှာမူ တစ်လီတာလျှင်၂.၀၂ ယူရို ရှိကြောင်း ပြည်တွင်း မီဒီယာများက ဆိုကြသည်။

Ref: Fuel prices surge in Italy as tax discount expires


LEAVE A REPLY

Please enter your comment!
Please enter your name here