ဘရာဇီးနိုင်ငံ၌ကျင်းပမည့် ၂၃ကြိမ်​မြောက်လယ်ယာထွက်ကုန်ပြပွဲ

0
175

ဘရာဇီးနိုင်ငံ၊ Rio Grande Do Sul တိုင်း၊ Municipality of Nao-Me-Toque မြို့တွင်ကျင်းပမည့် “The 23rd Edition of the Expodireto Cotrijal International Agribusiness Fair သို့ မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)က အသိပေးထားသည်။

ပြပွဲတွင် ဘရာဇီးနိုင်ငံ၏ လယ်ယာစီးပွားရေးလုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်များဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ၊စက်ပစ္စည်းများ၊စက်ကိရိယာများနှင့်စိုက်ပျိုးရေးဆိုင်ရာအကောင်အထည်ဖော်မှုများ၊အစေ့အဆန်များ(ပဲပိစပ်၊ပြောင်း၊ဂျုံ၊ဘာလီ၊မုန်ညင်းစေ့၊ဆန်)၊အသား (ကြက်၊နွား၊ဝက်)နှင့်နို့ထွက်ပစ္စည်းထုတ်ကုန်များကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲပြသသူများနှင့်ကြိုတင်စီစဉ်ထားသည့် အစည်းအဝေးများ(သို့)International Pavilion များအားအသုံးပြု၍ စီးပွားရေးဆိုင်ရာဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်သည်။

ထို့ကြောင့် ပြပွဲသို့တက်ရောက်လိုသည့် ကုန်သည်/စက်မှုအသင်းချုပ်မှ ညီနောင်အသင်းများနှင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ အား Link:https://drive.google.com/drive/folders/1hGZAhELXaqWBK6xrs8GrVGeeQPTFFgp9 နှင့် https://linktr.ee/mmconnection တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

ပါဝင်တက်ရောက်လိုသူများအနေဖြင့် UMFCCI အသင်းချုပ်၊အသင်းသားရေးရာဌာန၊ပြပွဲဌာနစိတ်၊ ဖုန်း ၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁)သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထို့ပြင် Email: expodiretointernacional@gmail. com Ph: +55 (51) 98617.8535 သို့လည်း တိုက် ရိုက်ဆက်သွယ်စုံစမ်းမေးမြန်း၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ ပြပွဲအား မတ် ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာ ၉၈ ဟတ်တာအကျယ်အဝန်း၌ နိုင်ငံပေါင်း ၇၀ ကျော်မှ ပြခန်းပေါင်း ၅၀၀ ကျော်ဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here