အရေးပေါ်လိုအပ်ပါက မီးသတ်တပ်ဖွဲ့၏ Command and Control Centre ကို ဆက်သွယ်နိုင်မည့် 191 Report Application မိတ်ဆက်

0
304

အရေးပေါ်လိုအပ်ပါက မီးသတ်တပ်ဖွဲ့၏ Command and Control Centre ကို ဆက်သွယ်နိုင်မည့် 191 Report Application မီးသတ်ဦးစီးဌာနက မိတ်ဆက်လိုက်သည်။

ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ နေပြည်တော်တွင် ဖွင့်လှစ်ပြသနေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြခန်းများတွင် မီးသတ်ဦးစီးဌာနက ပြသခဲ့ခြင်းလည်းဖြစ်သည်။

” ဒီအက်ပလီကေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်းရဲ့လက်ထဲမှာ ရောက်ရှိနေပြီးတော့တစ်ခုခုအရေးပေါ် အကူအညီလိုအပ်တယ်ဆိုရင် မီးသတ်တပ်ဖွဲ့ကိုအရင်ဆုံးသတိရပြီး မီးသတ်တပ်ဖွဲ့ရဲ့ Command and Control Centre ဆီကို ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Control စင်တာကနေတစ်ဆင့် အနီးစပ်ဆုံး မီးသတ်တပ်ဖွဲ့စခန်းတွေဆီကို ဆက်သွယ်ပြီးလိုအပ်တဲ့ အကူအညီတွေပေးနိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကပြောသည်။

မီးသတ်ဦးစီးဌာနပြခန်းတွင် မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့မှု၊ လေ့ကျင့်ခဲ့မှု ဓာတ်ပုံမှတ်တမ်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေတွေ၊ မီးဘေးလုံခြုံရေးနှင့် ဆိုင်သည့် မီးသတ်တပ်ဖွဲ့သုံး ခေတ်မီအသုံးအဆောင်များ၊ ဝတ်စုံများကိုခင်းကျင်းပြသခဲ့သည်ဟု သိရသည်။

အဆိုပါ 191 Report Application အား အသုံးပြုလိုသူများအနေဖြင့် Google Play Store တွင် Download ရယူနိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here