အမှတ်(၁)ကမာကြည်တံတားပေါ်တွင် ကား ၂ စီးနှင့်ဆိုက်ကားတစ်စီးတိုက် ၃ ဦးဒဏ်ရာရ

0
175

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ကမာကြည်လမ်းရှိ အမှတ်(၁)ကမာကြည်တံတားပေါ်တွင် ဇန်နဝါရီ ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်က သာကေတမြို့နယ်၊ကမာကြည်လမ်းကြီး၊အမှတ်(၁)ကမာကြည်တံတားပေါ်တွင် ကား ၂ စီးနှင့်ဆိုက်ကားတစ်စီးတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအား မြေပြင်အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် မိုးစက်လူမှုကူညီရေးအသင်း၏ လူနာတင်ကားများဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူ ၃ ယောက်လုံးက မစိုးရိမ်ရတဲ့အခြေအနေပါ ဆိုက်ကားက ကား ၂ စီးကြားထဲညပ်သွားတယ် တာဝန်ရှိတဲ့လူတွေကတော့ စစ်ဆေးတာတွေဆက်လုပ်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here