မြန်မာစာအ​ကျော်အ​မော် ဆရာကြီး ၃ ဦးသင်မည့် မြန်မာစာလုံးပေါင်းသတ်ပုံသင်တန်း

0
540

ဆရာဒေါက်တာထွန်းတင့်၊ဆရာဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာအေးကျော်မင်းတို့မှ မြန်မာစာလုံးပေါင်းသတ်ပုံသင်တန်းအား ဇန်နဝါရီ ၁၄ ရက်မှစတင်၍ ၁၆ ရက်အထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းအား မြန်မာနိုင်ငံစာပေထုတ်သူနှင့်ဖြန့်ချိသူများအသင်းမှကြီးမှူး၍ မြန်မာစာလုံးပေါင်းများ၏ ဂုဏ်ရောင်ကိုထွန်းလင်းစေရန် မြန်မာစာလုံးပေါင်း သတ်ပုံများ၏ နက်နဲပုံများအား ပေါ်ပေါ်လွင်မြင်သာစေရန် သင်ကြားပြသသွားမည်ဖြစ်သည်။

သင်တန်းအား မြန်မာစာ ရေးနေ၊ပြောနေ၊သင်ကြားနေသူတိုင်းနှင့်မြန်မာစာစကား ချစ်မြတ်နိုးသူများ တက်ရောက်သင့်သည့် သင်တန်းဖြစ်ကာ သင်တန်းပြီးမြောက်ပါက မြန်မာစာလုံးပေါင်းများ၏ နက်နဲသည့် ဂုဏ်ရည်ဂုဏ်သွေးများကို ခြေခြေမြစ်မြစ်ပိုင်ပိုင်နိုင်နိုင်သိမြင်၍ အလွဲအချော်သုံးနှုန်းပုံများ လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအား ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ မွန်းတည့် ၁၂ နာရီမှနေ့လည် ၃ နာရီခွဲအထိ ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်း(အထက်ဘလောက်)၊အမှတ် ၂၆၃ ၊ ပထမထပ် (ဘယ်)တွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ သင်တန်းကြေးအဖြစ် ၂၀၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း-၀၉ ၇၈၁၄၄၀၇၈၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here