ရှမ်းယူနိုက်တက်အသင်း ကျော်ကိုကို ကိုခေါ်ယူ

0
246

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ တိုက်စစ်ကစားသမား ကျော်ကိုကို ကိုခေါ်ယူလိုက်ပြီလို့ သိရပါတယ်။

ရှမ်းယူနိုက်တက်ဟာ လာမယ့်ဘောလုံးရာသီသစ်အတွက်ပြင်ဆင် အားဖြည့်မှုတွေ လုပ်နေတာဖြစ်ပြီး ရာသီသစ်အတွက် ပထမဆုံး ခေါ်ယူမှု ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ ဘောလုံးရာသီဟာ လာမယ့် ဖေဖော်ဝါရီ ဒုတိယအပတ်မှာ စတင် တော့မှာဖြစ်တဲ့အတွက် ရှမ်းယူနိုက်တက်အသင်းဟာ ချန်ပီယံကာကွယ်ရေး စီမံကိန်းကို စတင် အသက်သွင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ပလေယာတွေကို စာချုပ်သက်တမ်းတိုးတာ၊ ပလေယာသစ်တွေ ခေါ်တာ အစရှိတဲ့ လုပ်ဆောင်ချက်တွေ စလုပ်နေပါပြီလို့ ရှမ်းယူနိုက်တက်က အသိပေးထားပါတယ်။

ရှမ်းယူနိုက်တက်က ခေါ်ယူလိုက်တဲ့ ကျော်ကိုကိုဟာ အသက် ၃၁ နှစ်အရွယ်ရှိ မြန်မာ့ လက်ရွေးစင်တိုက်စစ်မှုးဟောင်းဖြစ်ပြီး ထိုင်းကလပ်တွေမှာ ၄ နှစ်နီးပါး ကစားခဲ့တဲ့သူလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here