တောင်ဥက္ကလာပမြို့နယ် ဗဟိုစျေးမီးပွိုင့်တွင် Hijet ကားတိမ်းမှောက် ၈ ဦးဒဏ်ရာရ

0
195

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ဗဟိုစျေးမီးပွိုင့်တွင် ဇန်နဝါရီ ၇ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က တောင်ဥက္ကလာမြို့နယ် ၊ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်ရှိ ဗဟိုစျေးမီးပွိုင့်တွင် Hijet ကားတိမ်းမှောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သွားရောက်ကူညီခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်၌လိုက်ပါလာသူများအနက် ၈ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရသူတွေထဲက အမျိုးသမီးလူနာ ၃ ယောက်(မစိုးရိမ်ရ)ပေါ့ သူတို့ကို အသင်းကားပေါ်မှာ ကုသမှုတွေလုပ်ပေးပြီး မြောက်ဥက္ကလာဆေးရုံကိုပို့ပေးခဲ့ပါတည်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here