ကန်ဒေါ်လာ ၃.၇၅ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်များနှင့် အကူအညီများ ယူကရိန်းသို့ အမေရိကန်ထောက်ပံ့မည်

0
159

အမေရိကန်က စုစုပေါင်း ဒေါ်လာ ၃.၇၅ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်များနှင့် အခြားအကူအညီများ ယူကရိန်းသို့ ပေးပို့ထောက်ပံ့မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သောကြာနေ့တွင် ကြေညာခဲ့သည်။

ယင်းနောက်ဆုံးထောက်ပံ့မှုတွင် ယူကရိန်းအတွက် Bradley သံချပ်ကာယာဉ်များ ပထမဆုံးအကြိမ်အဖြစ်  ပါဝင်မည်ဖြစ်သည်။ ယင်းသံချပ်ကာယာဉ်များသည် သံချပ်ကာယာဉ်အချင်းအချင်းတိုက်ခိုက်ရာတွင် နာမည်ကျော်ပြီး “တင့်ကားလူသတ်သမား” ဟုလူသိများသည်။

.

ယူကရိန်းအတွက် ယနေ့အထိ အကြီးမားဆုံးသော အမေရိကန်၏ အကူအညီပေးရေးဖြစ်သည့် အဆိုပါစီမံချက်တွင် ပင်တဂွန်၏ အစုရှယ်ယာများမှ ဒေါ်လာ ၂.၈၅ ဘီလီယံ ထုတ်ယူမည်ဖြစ်ပြီး ယင်းတို့အပြင် ယူကရိန်းသို့ တိုက်ရိုက်ပေးပို့မည့် နိုင်ငံခြားစစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေ ကန်ဒေါ်လာ ၂၂၅ သန်း နှင့် ယူကရိန်းစစ်တပ်၏ ခေတ်မီစွမ်းရည်ကို တည်ဆောက်ရန်နှင့် ရေရှည်စွမ်းဆောင်ရည် တည်ဆောက်ရန်အတွက် ဒေါ်လာ ၂၂၅ သန်း ပါဝင်သည်။ ထို့အပြင် ယူကရိန်းနိုင်ငံသို့ လှူဒါန်းခဲ့သော စစ်လက်နက်ပစ္စည်းများကို ပြန်လည်ဖြည့်တင်းရာတွင် ကူညီရန်အတွက် ဥရောပမဟာမိတ်များ၏ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၆၈၂ သန်းလည်း ပါဝင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here