မီးလှုံနေသည့် သားအမိ ၂ ဦးအား မူးယစ်ဆေးသုံးထားသူကဓားဖြင့်ခုတ်၍ အသက်(၅)နှစ်အရွယ် ကလေးငယ်သေဆုံးသွားခဲ့မှု တာလေမြို့နယ်တွင်ဖြစ်ပွား

0
200

ရှမ်းပြည်နယ်၊တာလေမြို့နယ်၊နားယောင်းကျေးရွာအုပ်စု၊ရန်အောင်ကျေးရွာတွင် ဇန်နဝါရီ ၇ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောကပါလလူမှုကူညီရေးအသင်း(တာလေ)မှ သိရသည်။

ယင်းနေ့ည ၉ နာရီကျော်ခန့်က တာလေမြို့နယ်၊နားယောင်းကျေးရွာအုပ်စု၊ရန်အောင်ကျေးရွာတွင် မူးယစ်ဆေးသုံးစွဲထားသည့် ကိုယောန(၃၆)နှစ်သည်ဆေးကြောင်၍ မီးလှုံနေသည့် အိမ်နီးချင်းသားအမိနှစ်ဦးအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဖြစ်စဥ်အား သတင်းအရ လောကပါလလူမှုကူညီရေးအသင်း(တာလေ)မှ ဓားခုတ်ခံရသည့် သားအမိနှစ်ဦးအား အရေးပြုစုကုသပေးပြီးနောက် တာလေမြို့ပြည်သူ့ဆေးရုံ ထိုမှတဆင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ကလေးငယ်၏အခြေအနေမှာ စိုးရိမ်ရသဖြင့် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြသည်။

“မူးယစ်ဆေးအလွန်အကျွံသုံးတော့ ဆေးကြောင်ပြီး ဓားနဲ့ခုတ်တာ မီးလှုံနေတဲ့ သားအမိနှစ်ယောက်လုံးခုတ်မိတယ် ကလေးကခေါင်းကိုခုတ်မိတယ် ကျိုင်းတုံဆေးရုံမှာ ဆေးကုနေရင်း ဒီမနက်ပိုင်းမှာ ကလေးသေဆုံးသွားတာပါ အသက် ၅ နှစ်ပဲရှိပါသေးတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူအား တာလေနယ်မြေရဲစခန်းမှ ညတွင်းချင်းဖမ်းဆီး၍ ဥပဒေအရအရေးယူရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here