ခေတ်မီလုံခြုံစိတ်ချရ၍ စွမ်းဆောင်ရည်ပြည့်ဝသည့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အား ပိုမိုအသုံးပြုလာရန်လုပ်​ဆောင်​လျက်ရှိ

0
306

(၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့ အခမ်းအနားကျင်းပရာနေရာများတွင် ဒီဂျစ်တယ်စနစ်ဖြင့်ပေးချေနိုင်ရန် ဘဏ်များ၊ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ဇန်နဝါရီ ၈ ရက်(ယနေ့)အထိ ဆောင်ရွက်လျက်ရှိ​နေသည်။

ဗဟိုဘဏ်၏ဦးဆောင်မှုဖြင့် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Nature Link Pay Company Limited (Trusty E-Commerce)နှင့် Zego Pay Company Limited (ZegoMoney)တို့မှ (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲများကျင်းပရာနေရာတွင် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

ဧရာဝတီဘဏ်(AYA Pay)နှင့်မြန်မာနိုင်ငံသားများဘဏ်(Citizen Pay)တို့မှလည်း စိန်ဒေါင်းစတိုး၊ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းဆောင်ရွက်နေသည့် ကမ္ဘောဇဘဏ်(KBZPay)၊ ဧရာဝတီဘဏ်(AYA Pay) ၊အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်(One Pay)၊ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A+Wallet)၊မြန်မာနိုင်ငံသားများဘဏ်(Citizen Pay)၊ CB Bank PCL (CB Pay)၊ uab Bank Limited (uab pay)၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ ဖြိုးတိုးတက်ရေးဘဏ်(MoMoney)နှင့် Internet Wallet Myanmar Limited (OK$)တို့မှ Junction Center တွင် လက်ဆောင်များပေးခြင်း၊အရောင်းမြှင့်တင်ခြင်း၊ အသုံးပြုမှုဆိုင်ရာအသိပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။

ငွေပေးချေမှုနည်းလမ်းအမျိုးမျိုးဖြင့် အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုရေး၊စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ကြောင်းဗဟိုဘဏ်ကလည်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here