ကိုလံဘီယာ၌ လေယာဉ်ဝမ်းဗိုက်​အောက် ဘီးခေါက်သိမ်းသောနေရာမှ လူငယ်အမျိုးသားအလောင်းနှစ်လောင်းတွေ့ရှိ

0
280

ကိုလံဘီယာမြို့တော် ဘိုဂိုတာ၌​လေယာဥ်ပြုပြင်ထိန်းသိမ်း‌ရေးဆောင်ရွက်နေစဥ်လေယာဉ်၏ဝမ်းဗိုက်​ေအာက် ဘီးခေါက်သိမ်းသောနေရာမှ လူငယ်နှစ်ဦး၏ အလောင်းများကိုတွေ့ရှိခဲ့ကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူများနှင့် ကိုလံဘီယာရှေ့နေချုပ်ရုံးထံမှသိရသည်။

ချီလီနိုင်ငံ ဆန်တီယာဂိုမှ လေယာဉ်သည် သောကြာနေ့ညနေပိုင်းက ဘိုဂိုတာသို့ဆင်းသက်ပြီးနောက် လေကြောင်းလိုင်းဝန်ထမ်းများက အဆိုပါအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူနှစ်ဦးသည် အသက် ၁၅ နှစ်မှ ၂၀ နှစ်ကြားအရွယ်များဖြစ်နိုင်ပြီး မည်သည့်နိုင်ငံသားဖြစ်သည်ကိုမူ ဆက်လက်စုံစမ်းနေဆဲ‌ဖြစ်သည်ဟုဆိုသည်။

အလောင်းများအနီး၌ မည်သူမည်ဝါဖြစ်သည်ဟု‌သောအထောက်အထား စာရွက်စာတမ်းများလည်းမတွေ့ရကြောင်းပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးအနက် တစ်ဦး၏ဘေးတွင် ဒိုမီနီကန်သမ္မတနိုင်ငံမှငွေကြေးများသယ်ဆောင်လာသောအိတ်ကိုတွေ့ရသဖြင့် အဆိုပါနိုင်ငံမှဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

Source : အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here