အမျိုးသမီးပညာသင်ကြားခွင့်ပိတ်ပင်ခံရမှုနှင့်ပတ်သက်၍ အာဖဂန်အဆင့်မြင့်ပညာရေးဌာနဝန်ကြီးနှင့် ကုလအထူးသံတို့တွေ့ဆုံ

0
160

တာလီဘန်ဦးဆောင်သည့်အာဖဂန်အစိုးရ၏ အဆင့်မြင့်ပညာရေးဌာနမှဝန်ကြီးနှင့် ကုလအထူးသံတမန်တို့ စနေနေ့ကတွေ့ဆုံခဲ့ပြီး အမျိုးသမီးများတက္ကသိုလ်တက်ရောက်ခွင့်ပိတ်ပင်ခံရမှုအကြောင်းအား ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က အစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်များအနေဖြင့် အမျိုးသမီးကျောင်းသူလက်မခံရဟူသောအမိန့်အား တာလီဘန်အစိုးရကထုတ်ပြန်ခဲ့ပြီး ​ေနာက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မချင်း လိုက်နာရမည်ဟူ၍ဆိုခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်အား နိုင်ငံတကာရှိတက္ကသိုလ်အသိုင်းအဝိုင်းအပါအဝင် မွတ်ဆလင်အဓိကနေထိုင်ရာနိုင်ငံများဖြစ်သည့် ကာတာ၊တူကီယေးနှင့်ဆော်ဒီအာရေးဗျ ကဲ့သို့သော နိုင်ငံများကပင် ပြစ်တင်ဝေဖန်ခဲ့သည်။

ယခုကဲ့သို့တားမြစ်ရခြင်းသည် တက္ကသိုလ်နယ်မြေ၌ ကျား/မ ရောထွေးနေခြင်းအားတားမြစ်လိုခြင်းဖြစ်ပြီး ယင်းသို့ရောထွေးနေထိုင်ခြင်းသည် အစ္စလာမ်၏အခြေခံစည်းမျဉ်းများအား ချိုးဖောက်ရာရောက်သည်ဟုဆိုကာ တားမြစ်ခဲ့ခြင်းဖြစ်သည်။

ပညာသင်ကြားခွင့်ပိတ်ပင်ခံရပြီးမကြာမီပင် အမျိုးသမီးများအနေဖြင့် ဝတ်စားဆင်ယင်မှုမသင့်တော်သဖြင့်ဟုဆိုကာ ပြည်တွင်းပြည်ပအင်န်ဂျီအိုအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်ခွင့်ကိုပါ ပိတ်ပင်ခဲ့ပြန်သည်။

ကုလအထူးသံတမန်၏ ယခုခရီးစဉ်သည် တာလီဘန်အစိုးရ၏သက်ဆိုင်ရာဝန်ကြီးများနှင့်တွေ့ဆုံကာ တားမြစ်ချက်များအားရုပ်သိမ်းပေးရန် လာရောက်မေတ္တာရပ်ခံတောင်းဆိုခြင်းဖြစ်သည်ဟုသိရှိရသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here