ကျောက်မဲမြို့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် Light Truck ကားနှင့်တွဲကားတိုက် ၁ ဦးဒဏ်ရာအနည်းငယ်ရ

0
128

ရှမ်းပြည်နယ်၊ကျောက်မဲမြို့ရှိ ပြည်ထောင်စုလမ်းမကြီး၏ ဂုတ်တွင်းအဆင်းလမ်းတွင် ဇန်ဝါရီ ၈ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ သိရသည်။

ယင်းနေ့ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ကျောက်မဲမြို့နယ်၊ဇီးပင်စခန်းကျေးရွာအထွက်ရှိ ပြည်ထောင်စုလမ်းမကြီး၏ ဂုတ်တွင်းအဆင်းလမ်း Light Truck ကားနှင့်တွဲကားတို့တိုက်မိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား သတင်းအရ ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရန် သွားရောက်ခဲ့ကြသည်။

“စိုးရိမ်ရဒဏ်ရာရတဲ့လူတစ်ယောက်မှမရှိပါဘူး Light Truck ကားကလူတစ်ယောက်ပဲ နဖူးနဲ့ကားတံခါးဘောင်ဆောင့်မိလို့ ပွန်းပဲ့ရုံလောက်ပဲရခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကားတိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း Light Truck ကားမှာပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ သိရသည်။

Photo-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)


LEAVE A REPLY

Please enter your comment!
Please enter your name here