ထိုင်ဝမ်တစ်ဝိုက် တရုတ်စစ်တပ်များ နောက်တစ်ကြိမ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

0
126

ပေကျင်း၊ ဇန်နဝါရီ ၉

တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် ဇန်နဝါရီလ ၈ ရက် တနင်္ဂနွေနေ့က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တစ်လမပြည့်မီ အချိန်အတွင်း တရုတ်စစ်တပ်က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်လေယာဉ် ၅၇ စီးကို ထောက်လှမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လေ့ကျင့်ရေး၏ ရည်ရွယ်ချက်မှာ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်များကို စမ်းသပ်ရန်နှင့် ပြည်ပတပ်ဖွဲ့များနှင့် ထိုင်ဝမ်ရှိ ကိုယ်ပိုင် ခွဲထွက်ရေးတပ်ဖွဲ့များ၏ ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်ရန်ဖြစ်ကြောင်း တရုတ်စစ်တပ်က ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်ကို ဖြတ်ကျော်လာသော လေယာဉ် ၂၈ စင်း အပါအဝင် ကျွန်းအနီးတစ်ဝိုက်တွင် လေ့ကျင့်မှုများ ပြုလုပ်နေသော တရုတ်လေယာဉ် ၅၇ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်းကို ထောက်လှမ်းမိခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့(ယနေ့)တွင် ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here