ခြောက်ကြိမ်မြောက် အိန္ဒိယ – အမေရိကဖိုရမ်အား ဒေလီ၌ယခုတစ်ပတ်အတွင်းကျင်းပမည်

0
106

ဒေလီ၊ဇန်နဝါရီ ၉

ခြောက်ကြိမ်မြောက် အိန္ဒိယ – အမေရိကဖိုရမ်အား ယခုတစ်ပတ်အတွင်း အိန္ဒိယမြို့တော်နူးဒေလီ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖိုရမ်သို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကာနှင့်ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နှစ်နိုင်ငံတာဝန်ရှိသူများလည်းတက်ရောက်မည်ဟုဆိုသည်။

အဆိုပါတွေ့ဆုံပွဲကို ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်ဟူ၍နှစ်ရက်ကျင်းပမည်ဖြစ်ပြီး Ananta Center နှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနတို့က ခေါ်ယူကျင်းပခြင်းဖြစ်သည်ဟုလည်းသိရသည်။

ယခုတစ်ခေါက်တွေ့ဆုံခြင်း၌ အင်ဒို – ပစိဖိတ်အရေး၊ရုရှား – ယူကရိန်းအကျပ်အတည်း၊အာဖဂန် – ပါကစ္စတန်ဆက်ဆံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှု၊ထွန်းသစ်စနည်းပညာနှင့်ဒေတာ ထိန်းချုပ်မှု စနစ် စသည်တို့ပါဝင်သည်။

အိန္ဒိယ – အမေရိကဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ပင် ဆက်ဆံမှုတိုးမြင့်လာခဲ့ပြီး ယခင်ကကုန်သွယ်ရေးနှင့်သာဆက်ဆံရာမှ ယခုအခါ ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုအပါအဝင် ကာကွယ်ရေးနှင့်နိုင်ငံရေးအရပါဆက်ဆံမှုများတိုးလာခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here