<<<< Breaking News >>>>
အမေရိကန်ဂြိုဟ်တုဟောင်း ကိုရီးယားကျွန်းဆွယ်ပေါ်သို့ ပြုတ်ကျ

0
168

ယနေ့ တနင်္လာနေ့နံနက်အစောပိုင်းတွင် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်လာသည့် အမေရိကန်စောင့်ကြည့်ဂြိုလ်တုဟောင်းတစ်ခုသည် ကိုရီးယားကျွန်းဆွယ်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ သိပ္ပံနှင့် အိုင်စီတီ ဝန်ကြီးဌာနက ဒေသခံများအား အပြင်မထွက်ရန် သတိပေးစာတိုများ ဆက်တိုက်ပေးပို့ခဲ့ကြောင်း သိရသည်။

“အခုထိတော့ အထူးထိခိုက်ပျက်စီးမှု သတင်းမကြားရသေးဘူး” ဟု သိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သက်ရောက်မှုအတိအကျနဲ့ အချိန်အတိအကျကိုတော့ အမေရိကန်လေတပ်က တရားဝင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်”ဟုလည်း သူကပြောသည်။

အဆိုပါ အမေရိကန်ဂြိုလ်တုသည် တနင်္လာနေ့အစောပိုင်းတွင် ကိုရီးယားကျွန်းဆွယ်ပေါ်သို့ ပြုတ်ကျနိုင်ကြောင်း သိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာမှ သတိပေးခဲ့ပြီးနောက် ကိုရီးယားနိုင်ငံသားအများအပြားက စိုးရိမ်ပူပန်မှုများကို လူမှုကွန်ရက်များတွင် ထုတ်ဖော်ခဲ့ကြသည်။ တရုတ်ဂြိုဟ်တုပျက်ကျစဉ်ကကဲ့သို့ အမေရိကန်မီဒီယာများက အုတ်အော်သောင်းနင်း ရေးသားသတိပေးခြင်းမရှိသည်ကိုလည်း ဝေဖန်ပြောဆိုခဲ့ကြသည်။

ကမ္ဘာမြေ၏ အပူဓါတ်များ ဖြန့်ဖြူးမှုကို လေ့လာစောင့်ကြည့်ရန်နှင့် ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်ရန်အတွက် အဆိုပါဂြိုဟ်တုကို ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် အာကာသလွန်းပျံယာဉ် Challenger မှနေ၍ အာကာသတွင်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Ref: US satellite fell over Korean Peninsula


LEAVE A REPLY

Please enter your comment!
Please enter your name here