ထော်လာဂျီတိမ်းမှောက်၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

0
238

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်၊ကုန်းသာကျေးရွာတွင် ဇန်နဝါရီ ၉ ရက်(ယနေ့)တွင် ထော်လာဂျီယာဥ်တိမ်းမှောက်ခဲ့သည်ဟု ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းမှ သိရသည်။

လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာတွင် ထော်လာဂျီယာဥ်တိမ်းမှောက်၍ ယာဥ်ပေါ်ပါ ကိုလောရင်းရှို(၂၅)နှစ် ကိုမောင်ကြား(၃၀)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ ကုန်းသာဆည်အနီးတွင်ကားချိန်း၍ လွိုင်ကော်မြို့ပြည်သူ့ဆေး ရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။

ထိုသို့ ပို့ဆောင်ပေးစဥ် ကိုမောင်ကြား(၃၀)နှစ်မှာ ရရှိထားသည့်ဒဏ်ရာများဖြင့် လမ်း၌သေဆုံးသွားခဲ့၍ သေဆုံးမှုအား လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၏ အတည်ပြုချက်ရယူပြီးနောက် ကုန်းသာကျေးရွာရှိနေအိမ်သို့ ရုပ်အလောင်းအား ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကိုလောရင်းရှို(၂၅)နှစ်မှာ ရင်ဘတ်အောင့်၊ဘယ်ခြေပေါက်ပြဲဒဏ်ရာများဖြင့် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“အခင်းဖြစ်ပြီးတော့ ကုန်းသာရွာကလူတွေက ၂ ယောက်လုံးကိုဆေးရုံပို့ဖို့သယ်လာတယ် ကျွန်တော်တို့က ကုန်းသာဆည်နားမှာသူတို့နဲ့ကားချင်းချိန်းပြီး ဆေးရုံကိုဆက်ပြီးပို့ပေးခဲ့တာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here