ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား Online မှတဆင့်ဆက်သွယ်ကာ ဆင်စာဘူဖေးကျွေးမှု ၅၅၃ ကြိမ်ရှိပြီဖြစ်

0
268

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊အနောက်ပုလင်းကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်းဘေး၌ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းမှဆင်များအား ကိုဗစ်(၁၉)ရောဂါဖြစ်ပွားချိန်မှစတင်ကာ Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု ၅၅၃ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကိုဗစ်ရောဂါစတင်ချိန်ကစပြီး Online ကနေတဆင့်ဆက်သွယ်လှူဒါန်းဆင်ဘူဖေးကျွေးတဲ့လူတွေများလာတယ် အခုဆိုရင် ၅၅၃ ကြိမ်ရှိပြီ ထပ်ပြီးဆင်ဘူဖေးကျွေးဖို့ဆက်သွယ်ထားတဲ့လူတွေလည်း အများကြီးရှိသေးတယ်”ဟု ပလင်းကမ်းသာယာဆင်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဆင်စခန်းရှိ ဆင်များအား ဆင်စာဘူဖေးကျွေးရာ၌ ကြံ၊နေပီယာမြက်၊ငှက်ပျောသီး၊ဖရုံသီး၊ဖရဲသီး၊သခွားသီး၊သရက်သီး၊အုန်းသီး၊ပြောင်းဖူးများအား အဓိကကျွေးမွေးကာ ရာသီပေါ်သီနှံများကိုလည်း ကျွေးမွေးကြောင်း သိရသည်။

ထို့ကြောင့် ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ဆင်စာဘူဖေးကျွေးမွေးလိုပါက မလာရောက်နိုင်သူများအနေဖြင့် ဆင်စခန်း၏ လူမှုကွန်ယက်စာမျက်နှာ၊ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဖုန်း ၀၉-၇၉၃၈၂၀၅၃၂ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here