ဩဇီတွင် ကမ္ဘာ့အနံဆုံးပန်းကို မြင်တွေ့ရှုရှိက်ခွင့်ရရန်အတွက် လူပေါင်း ထောင်နှင့်ချီ တန်းစီစောင့်ဆိုင်းခဲ့ရ

0
319

ဩစတြေးလျနိုင်ငံ တောင်ပိုင်းရှိ အက်ဒယ်လိုက် ရုက္ခဗေဒဥယျာဉ်တွင် အဖူးပွင့်ရန် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်လေ့ရှိသော ကမ္ဘာ့အနံဆုံးပန်းဖြစ်သည့် တိုက်တန် အယ်ရန်ပန်း ခေါ် အလောင်းပန်းပွင့်ဖူးလာသောကြောင့် လာရောက်လည်ပတ်သူ ထောင်နှင့်ချီ ရောက်ရှိလာခဲ့ကြာင်း သိရသည်။

ရှားပါးမျိုးနွယ်ဝင်ဖြစ်သော အဆိုပါပန်းသည် အစေ့မှ အပင်ဖြစ်လာရန် ၁၀ နှစ်ကြာ ကြာမြင့်ပြီး အဖူးပွင့်ချိန်မှ နာမည်နှင့်အညီ ထူးခြားသော အသားပုပ်နံ ထွက်လာလေ့ရှိသည်။

အလောင်းပန်းသည် ကယ်ရီရန် ယင်ကောင်များအား ၎င်း၏ ပန်းပွင့်ဆီ ဝတ်မှုန်လာကူးစေရန်အတွက် သေပြီးသား တိရိစ္ဆာန်များ၏ အနံ့ကို တုပထုတ်လွှတ်ကာ ဆွဲဆောင်လေ့ရှိကြောင်း သိရသည်။

ရုက္ခဗေဒ ဥယျာဉ်ရှိ ကြီးကြပ်သူများက အဆိုပါ ပန်းပွင့်သည် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီတွင် စတင်ပွင့်ဖူးလာခဲ့ပြီး အဆုံးစွန်ထိ ပွင့်လန်းကာ ညနေ ၅ နာရီတွင် ၎င်း၏ နာမည်ကျော် အနံ့ဆိုးများကို ထုတ်လွှတ်ခဲ့သည်ဟု ဆိုသည်။

အလောင်းပန်းကို မြင်တွေ့ရှုရှိုက်လိုသူပေါင်း တစ်ထောင့်ငါးရာခန့် လာရောက်စောင့်ဆိုင်းနေခဲ့သောကြောင့် တနင်္ဂနွေနေ့ သန်းခေါင်ရောက်ခါနီးအထိ ဖွင့်လှစ်ထားခဲ့ရကြောင်း ဥယျာဉ်မှူး မတ်ကော်တာက ပြောကြားခဲ့သည်။

အဆိုပန်းသည် ပွင့်ဖူးပြီး ပထမဆုံး ၂၄ နာရီသာ ၎င်း၏ အနံ့ဆိုး အစွမ်းကုန်ထုတ်လွှတ်ပြီး ၄၈ နာရီအတွင်း ပြန်လည်ညှိုးနွမ်းသွားလေ့ရှိသည်ဟု မတ်က ဆိုသည်။

လာရောက်ကြည့်ရှုခဲ့သူများက အလောင်းပန်းသည် အနံ့ဆိုးလှသော်လည်း အစစ်ဟု မထင်ရလောက်အောင် လှပလွန်းကြောင်း ချီးမွမ်းပြောဆိုခဲ့သည်။

အလောင်းပန်းသည် မျိုးသုဉ်းပျောက်ကွယ်ခါနီး ပန်းမျိုးစိတ်တစ်မျိုး ဖြစ်ပြီး ကမ္ဘာပေါ်တွင် ပန်းပေါင်း တစ်ထောင်ပင် မကျန်ရှိတော့ကြောင်း သိရသည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here