ယနေ့နံနက်အစောပိုင်း၌ ရန်ကုန်တိုင်းရှိ မြို့နယ် ၂ ခုတွင် မီးလောင်မှုများဖြစ်ပွား

0
138

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် ဇန်နဝါရီ ၁၀ ရက်(ယနေ့)နံနက်အစောပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၂ နာရီ ၃၄ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ငမိုးရိပ်တံတားတွင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၂ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၅ နာရီ ၁၃ မိနစ်ခန့်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၂ ရပ်ကွက်၊ပင်လုံလမ်းမပေါ်တွင် မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၅ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here