Online မှတဆင့်ကြော်ငြာနေသည့် လောင်းကစားဂိမ်းများအား အရေးယူသွားမည်

0
526

လူမှုကွန်ယက်စာမျက်နှာ(Online)တွင် ကြော်ငြာကာ ဆော့ကစားနေသည့် လောင်းကစားဂိမ်းများအား စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း နစက ၏သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

“စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိသည်”ဟု သတင်းဌာနတစ်ခု၏မေးမြန်းမှုအပေါ် နစက ၏သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ Online အသုံးပြု၍ တရားမဝင်လောင်းကစားဂိမ်းများဖြစ်သည့် ငါးပစ်ဂိမ်း၊ စလော့ဂိမ်းများအား ကြော်ငြာမှုများပြုလုပ်လျက်ရှိသည်။

အဆိုပါ လောင်းကစားဂိမ်းကြော်ငြာများ၌ ဆက်သွယ်ရမည့်ဖုန်းနံပတ်များ၊ ဘဏ်အကောင့်များ၊ Online မှတဆင့်ငွေပေးချေရသည့် Pay နံပတ်များ၊အကောင့်များကိုလည်း ထည့်သွင်းကြော်ငြာထားသည်။

“ကျွန်တော်ဆော့ဖူးတယ် ငါးပစ်ဂိမ်းကို မက်လုံးတွေအများကြီးပေးထားတော့ဆော့တာပေါ့ ပထမတော့နိုင်နေတာပဲ ငွေပမာဏနည်းတော့နိုင်တယ် နောက်ပိုင်း ငွေကြေးပမာဏများလာတော့ ရှုံးတာများလာတယ် အဲဒီဂိမ်းနဲ့ကို ကျွန်တော်ပိုက်ဆံအတော်ကုန်သွားတယ် အခု Online ဂိမ်းဆိုလုံးဝမဆော့တော့ဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကိုဝေဖြိုးအောင် ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here