မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် အောက်မေးရိုးပြိုကျပျက်စီးခဲ့သည့် ဆင်ဖြူတော်ရုပ်ထုအား ပြင်ဆင်ပြီးစီး

0
353

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်ရှိ နှစ်ပေါင်း ၁၇၄ နှစ်သက်တမ်းရှိ ဆင်ဖြူတော်ရုပ်ထု ၂ ခုအနက် ရုပ်ထု ၁ ခု၏ အောက်မေးရိုးသည် ဒီဇင်ဘာ ၁၆ ရက်ကလှုပ်ခပ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားခဲ့သည်။

အဆိုပါ ပြိုကျပျက်စီးသွားသည့် အောက်မေးရိုးအား ပြန်လည်ပြင်ဆင်ခဲ့ကြပြီးနောက် ဇန်နဝါရီ ၇ ရက်တွင် အလုံးစုံပြင်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

“စုပေါင်းထည့်ဝင်ငွေနဲ့ပြန်ပြီးပြင်ဆင်ခဲ့တာပါ အကုန်လုံးပြင်ဆင်ပြီးတဲ့ရက်က ၇ ရက်နေ့ပါ ပြင်ဆင်ပြီးတဲ့အချိန်မှာပိုတဲ့ငွေနဲ့ စတုဒိသာကျွေးမွေးခဲ့ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်နေသူတစ်ဦးကပြောသည်။

ဆင်ဖြူတော်ရုပ်ထုအား ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ ရှေးမူမပျက်ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့်နေရာများအပြင် ပြင်ဆင်ရန်လိုအပ်သည့် နေရာများကိုလည်းပြုပြင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here