အင်ဒို၌ ၇ ဒသမ ၆ ရစ်ခ်တာစကေးရှိ ငလျင်လှုပ်၊ဩစတြေးလျထိအဆိုပါငလျင်၏တုန်ခါမှုကိုခံစားရဟုဆို

0
245

ဂျကာတာ၊ဇန်နဝါရီ ၁၀

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် အင်္ဂါနေ့အစောပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး အဆောက်အအုံများထိခိုက်ပျက်စီးကာ အဆိုပါငလျင်လှုပ်ခတ်မှုအား ဩစတြေးလျနိုင်ငံမြောက်ပိုင်းအထိ ခံစားခဲ့ရကြောင်းသိရှိရသည်။

အင်ဒို မိုး/ဇလ ကလည်း အဆိုပါအင်အားပြင်းငလျင်ပြီးနောက်တွင် ဆူနာမီဖြစ်ပေါ်နိုင်ခြေရှိသဖြင့် သတိပေးချက်ထုတ်ပြန်ထားသည်။

ယခုလှုပ်ခတ်သွားသောငလျင်၏ဗဟိုချက်မှာ သြစတြေးလျနိုင်ငံ မြောက်ဘက်စွန်းနှင့်မဝေးသည့် ၆၅ မိုင်တွင်ရှိကြောင်း အမေရိက ဘူမိဗေဒ စစ်တမ်း က ဖေါ်ပြခဲ့သည်။

ယခုငလျင်လှုပ်ခတ်မှုအား ဩစတြေးလျနိုင်ငံဒါဝင်မြို့အထိ ခံစားခဲ့ရကြောင်းဒေသခံများက ပြော ကြားခဲ့သော်လည်း ဩစတြေးလျဆူနာမီအေဂျင်စီကမူ ယခုငလျင်သည်ဩစတြေးလျသို့တိုက်ရိုက်ထိခိုက်ပျက်စီးမှုမဖြစ်စေကြောင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် မကြာခဏငလျင်လှုပ်လေ့ရှိပြီး ကမ္ဘာ့ငလျင်နှင့် မီးတောင်လှုပ်ရှားမှုအများဆုံးဖြစ်ပွားသည့် ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ ငလျင်ပြတ်ရွေ့များဖြစ်သည့် ပစိဖိတ် “မီးကွင်း” ဟုခေါ်သည့်နေရာပေါ်တွင် တည်ရှိသည့်နိုင်ငံလည်းဖြစ်သည်။

Source :Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here