ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

0
215

ယခု၂၀၂၃ ခုနှစ်အတွင်း ပဲရစ်မြို့တွင်ကျင်းပမည့် ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ဝင်ရောက်ယှဉ်ပြိုင်ကစားသွားရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ထို့အပြင် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲနှင့် က‌မ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) တို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းသိရသည်။

ထို့အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ပြီးခဲ့သော ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ စုစည်းလေ့ကျင့်လျက်ရှိပြီး လက်ရှိအချိန်တွင် အသင်းအား ပဏာမ ကစားသမား (၃၅)ဦးဖြင့် လေ့ကျင့်လျက်ရှိသည်ဟု သိရသည်။

အဆိုပါပွဲစဉ်များ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၏ နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကို ၂နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

“ဒီနှစ်ထဲမှာ အမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲတွေအများကြီးရှိပါတယ်။ လက်ရှိအခြေအနေမှာရှိနေတဲ့ လူအင်အား၊ ထောက်ပံ့မှုတွေနဲ့ အကောင်းဆုံးရလဒ်ရအောင်ကြိုးစားသွားပါမယ်။ ယုံကြည်ပြီး တာဝန်ပေးတဲ့အတွက် ကိုယ့်ဘက်ကအကောင်းဆုံးကြိုးစားသွားမှာပါ”ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းကပြောသည်။

ဒေါ်သက်သက်ဝင်းသည် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၂၂ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်တွင် ဗီယက်နမ်အသင်းကို အနိုင်ရရှိပြီး တတိယဆုရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သလို နည်းပြအတွေ့အကြုံများအဖြစ် ၂၀၁၆ ခုနှစ် အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ယာယီနည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့သည်။ 

၂၀၁၈-၂၀၁၉ ခုနှစ်တွင် အသက် ၁၉နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့ပြီး ခြေစစ်ပွဲ ပထမအဆင့်၊ဒုတိယအဆင့်များကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကာ ၂၀၁၉ ခုနှစ် အသက် ၁၉ နှစ်အောက် အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ တစ်ဦးလည်းသည်။ 

ဒေါ်သက်သက်ဝင်းသည် ဂျပန်နည်းပြ ကုမာဒါ၊ နယ်သာလန် နည်းပြ ရော်ဂျာ်တို့ လက်ထက်တွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here