ထူးထူးခြားခြား ဂျပန်စတိုင်ဝိတ်ချနည်းများ

0
558

ခန္ဓာကိုယ်အလေးချိန်လျှော့ချလိုတဲ့ သူတွေအတွက်ယေဘုယျ အဆန်ဆုံးနည်းကတော့ ကာဘိုဟိုက်ဒြိတ်ပါတဲ့အစားအစာတွေလျှော့စားတဲ့ နည်းပါပဲ။ပြီးရင် အသီးအနှံတွေများများစားပေးမယ်။ နောက်ထပ်အချိန်ပို ရှိသေးရင် ခေတ်မီနည်းတွေနဲ့လေ့ကျင့်ခန်းလုပ်မယ်။ အစရှိတဲ့နည်းတွေ ကတော့လူတိုင်း အကျွမ်းတဝင်ရှိပြီးသားတွေချည်းပါ။

အခုဖော်ပြပေးမှာကတော့ပုံမှန်နည်းတွေနဲ့ကွဲပြားတဲ့ဂျပန်စတိုင် ကိုယ် အလေးချိန် လျှော့ချနည်း ပဲဖြစ်ပါတယ်။ကျန်းမာရေးဆိုင်ရာတွေကို တင်ဆက်ပြသနေတဲ့ ဂျပန်ရုပ်သံလိုင်းမှာ တင်ဆက်သွားတဲ့ ဂျပန်နိုင်ငံ အိုဆာကာ ဟီဘိနို တက္ကသိုလ်က ပါမောက္ခ မစ္စတာ ဟိကရုရဲ့နည်း လမ်းလေးသွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့စဉ်စားသုံးတဲ့ထမင်းမှာ ကာဗိုဟိုက်ဒြိတ်ပါဝင်ပါတယ်။ သူက လူ့ကိုယ်ခံစွမ်းအားကို မြင့်တင်စေလို့ လုံးဝမစားလို့လည်း မသင့်တော်ပါဘူး၊ စားပေးရမှာဖြစ်ပါတယ်။ဒါပေမယ့်ထမင်းအေးကို ရွေးချယ် စားသုံးပေး ရပါမယ်။ အစာချေဖျက်မှုမြန်ဆန်ပြီးခန္ဓာကိုယ်ကကာဗိုဟိုက်ဒြိတ်တွေကို စုပ်ယူနိုင်မှုလျော့ကျစေပါတယ်။

၂။ အစားအစာထဲမှာ ပရိုတင်းပါဝင်ရပါမယ်။ အသားစားပေးတာ မျိုးဖြစ် ပါတယ်။ ဒါမှ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကို ပုံမှန်လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆီလောင်ကျွမ်းမှုကို မြှင့်တင်ပေးပါတယ်။ အသား ဆိုတာ ကတော့ လူအများစုရဲ့အကြိုက်ပဲဖြစ်ပါတယ်။အသားစားရပါမှ တင်းတိမ် ရောင့်ရဲမှု မြန်မြန်ရပြီး အစားတွေ အများကြီးစားမိခြင်းကို ရပ်တန့်စေမှာဖြစ်ပါတယ်။

၃။ ဒီနည်းလမ်းကတော့နည်းနည်းထူးခြားနေပါလိမ့်မယ်။ အကြောင်းက လည်ပင်းတစ်ဝိုက်ကို ရေအေးအေးသုံးပြီး အေးမြနေစေဖို့လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ အကြောင်းက လည်ပင်းမှာ ရှိနေတဲ့စကာပူလာနဲ့ကာလဗိကယ်လို့ခေါ်တဲ့အစိတ်အပိုင်းတွေက အဆီပိုတွေကို လောင်ကျွမ်း ပေးလေ့ရှိပါတယ်။ ဒီအစိတ်အပိုင်းတွေက အသက်အရွယ်ကြီးလာတာနဲ့ အမျှ လျော့နည်းသွားတတ်တာမို့ အလုပ်က ပြန်လာချိန် အနားယူတဲ့အခိုက် လည်းပင်း နဲ့ လည်ချောင်း တစ်ဝိုက်ကို အရမ်း မအေးတဲ့ ရေခဲရေနဲ့အေးမြအောင်အဆင်ပြေတဲ့နည်းသုံးပြီး နေ့စဉ် လုပ်ပေးသင့်ပါတယ်။

၄။ ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်က ကြွက်တွေနဲ့သုတေသနပြုထားတဲ့ နည်းလမ်းသစ် တစ်ခုကတော့ အိပ်ခန်းထဲမှာရော ရုံးခန်းထဲမှာ ဂရေ့ဖရုသီးကို ထည့်ထားဖို့ပဲဖြစ်ပါတယ်။အဲဒီ ဂရေ့ဖရု့သီးကထွက်တဲ့အနံ့က အဆီတွေကို အလွယ်တကူလောင်ကျွမ်းစေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလောင်မှုကိုလည်းလျှော့ချပေးတယ်လို့ သိရပါတယ်။

Ref:sanook


LEAVE A REPLY

Please enter your comment!
Please enter your name here