လုံခြုံရေးပူးပေါင်းမှု ပိုမိုလုပ်ဆောင်ရန် ပြင်သစ်နှင့် ဂျပန်တို့ ကတိကဝတ်ပြု

0
202

ပါရီ၊ ဇန်နဝါရီ ၁၀

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် အာဏာရရှိချိန်မှစ၍ ပြင်သစ်သို့ ပထမဆုံး သွားရောက်လည်ပတ်သည့် ခရီးစဉ်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့်အတူ အာရှ-ပစိဖိတ်ဒေသတွင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန်အတွက် ကတိကဝတ်ပြုခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွက် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ခုနှစ်နိုင်ငံအုပ်စု (G7) ၏ ဥက္ကဌရာထူးကို ဂျပန်နိုင်ငံက လက်ခံရယူထားသဖြင့် ကီရှီဒါသည် အုပ်စုအဖွဲ့ဝင်များဖြစ်သော ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်နိုင်ငံများသို့ ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့မှစ၍ သွားရောက်လည်ပတ်လျက်ရှိသည်။

တနင်္လာနေ့ ညနေပိုင်းတွင် မက်ခရွန်နှင့်အတူ ကျင်းပခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ကီရှီဒါက အာရှ-ပစိဖိတ်ဒေသတွင် ပြင်သစ်နှင့်အတူ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ပြောခဲ့သည်။

“အရှေ့နဲ့ တောင်တရုတ်ပင်လယ်ရဲ့ လက်ရှိအနေအထားကို တစ်ဖက်သတ် အင်အားသုံးပြီး ပြောင်းလဲဖို့ ကြိုးစားတာတွေ ပိုမိုပြင်းထန်လာပြီး လုံခြုံရေး အခြေအနေတွေလဲ တင်းမာလာတဲ့အတွက် ကျွန်တော်တို့ ပြင်သစ်နဲ့ ဆက်လက်ပူးပေါင်းသွားဖို့ ဆန္ဒရှိနေပါတယ်” ဟု ကီရှီက ဆိုသည်။

မက်ခရွန်ကလည်း ပြင်သစ်သည် ဂျပန်နှင့်အတူ အင်ဒို-ပစိဖိတ်ဒေသတွင် ပူးပေါင်းလုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဂျပန်သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသော ပြုံးယမ်းနှင့် ရင်ဆိုင်ရချိန်တွင် ပျက်ကွက်မှုမရှိဘဲ ထောက်ပံ့ပေးမည့်အပေါ် ယုံကြည်အားကိုးနိုင်ကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here