ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင်မှတ်ပုံတင်၍ ဖြန့်ဖြူးအသုံးပြုနိုင်ရန်ဆွေးနွေး

0
156

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ဇန်နဝါရီ ၉ ရက်ညနေပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အားလက်ခံတွေ့ဆုံခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူးရွေးချယ်ခန့်ထားနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများအား မြန်မာနိုင်ငံတွင်မှတ်ပုံတင်နိုင်ရေးနှင့်ဖြန့်ဖြူးအသုံးပြုနိုင်ရေး၊ ကျန်းမာရေးဆိုင်ရာကိုယ်စားလှယ်များကို နှစ်နိုင်ငံ အပြန်အလှန်စေလွှတ်ရေးနှင့်ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး)၊ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)၊ ဒု-အမြဲတမ်းအတွင်းဝန်(ပြည်ထောင်စုဝန်ကြီးရုံး)နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here