ဂရိနိုင်ငံ၏ နောက်ဆုံးမင်းဆက် ကွယ်လွန်

0
461

အသက် ၈၂ နှစ်အရွယ်ရှိ ဂရိဘုရင်ဟောင်း ဒုတိယမြောက် ကွန်စတန်တင်း ဘုရင်သည် အေသင်မြို့ရှိ ပုဂ္ဂလိကပိုင် ဆေးရုံတစ်ခုတွင် လေဖြတ်ကာ နတ်ရွာစံ သွားပြီဖြစ်ကြောင်း သူ၏ ဆရာဝန်များက ဒီဇင်ဘာလ ၁၀ ရက် အင်္ဂါနေ့ ည အနှောင်းပိုင်းတွင် ကြေညာခဲ့သည်။

ကွန်စတန်တင်းသည် ဗြိတိန်၏ တတိယမြောက် ချားလ်စ်ဘုရင်နှင့် ညီကိုဝမ်းကွဲဖြစ်ပြီး အသက်ရှုရ ခက်ခဲသဖြင့် ပြီးခဲသည့် အပတ်ကတည်းက အေသင်၌ ဆေးရုံတင်ရကြောင်း ဂရိမီဒီယာများက ဖော်ပြထားသည်။

ဂရိနိုင်ငံ၏ နောက်ဆုံးဘုရင်မင်းဆက်လည်း ဖြစ်သည့် ဒုတိယမြောက် ကွန်စတန်တင်းသည် ၁၉၆၄ ခုနှစ်၌ အသက် ၂၃ နှစ်အရွယ်တွင် ဘုရင်ဖြစ်လာခဲ့သည်။

သို့ရာတွင် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းကာ ၁၉၇၃ ခုနှစ်တွင် ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့သည်။

ဘုရင်စနစ် ဖျက်သိမ်းခံရပြီး တစ်နှစ်အကြာတွင် ဒီမိုကရေစီ ပြန်လည်ရရှိခဲ့သော်လည်း ဂရိလူမျိုး ၇၀ ရာခိုင်နှုန်းနီးပါးက ဘုရင်စနစ်ဖျက်သိမ်းရေးကို မဲပေးခဲ့ကြသဖြင့် ၁၈၆၃ ခုနှစ်တွင် ပထမမြောက် ဂျော့ဂျ်က စတင်ခဲ့သော ဂရိမင်းဆက်တစ်ခု အဆုံးသတ်ခဲ့ရသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here