ပေါင်မြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ကျောက်တင်ရန်လာသည့်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ

0
441

မွန်ပြည်နယ်၊ပေါင်မြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၏ ရွာတန်းရှည်ကျေးရွာအနီးတွင် ကျောက်တင်ရန်လာသည့် ရထားတစ်စင်း ဇန်နဝါရီ ၁၀ ရက်ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ရန်ကုန်ဘက်မှမော်လမြိုင်ဘက်သို့ ကျောက်တင်ရန်မောင်းနှင်လာသည့် ကျောက်တင်ရထားအား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၏ ရွာတန်းရှည်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရထားတွဲ ၄ တွဲ တွဲချော်သွားခဲ့ပြီး ရထားသံလမ်းမှာလည်း ၅ ပေခန့်ပြတ်သွားခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် ဇန်နဝါရီ ၁၁ ရက်(ယနေ့)နံနက် ၈ နာရီကျော်ခန့်၌ ပြင်ဆင်ပြီးစီးခဲ့သဖြင့် ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

“ရထားမိုင်းဆွဲခံရတော့ ခနတဖြုတ်တော့ ရထားလမ်းအသုံးပြုတာကို ယာယီရပ်ခဲ့ရတယ် ပြင်ဆင်မှုကိုအချိန်နဲ့တစ်ပြေးညီလုပ်ခဲ့တဲ့အတွက် ဒီမနက်မှာပဲ ပုံမှန်အတိုင်း ရထားတွေပြန်ထွက်လို့ရသွားပါပြီ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here