Mobile Legend M4 ရှုံးထွက်အဆင့်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Falcon Esports နောက်တစ်ဆင့်တက်ရောက်

0
383

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ Mobile Legend M4 ရှုံးထွက်အဆင့်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Falcon Esports အသင်း နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာကိုယ်စားပြု Falcon Esports နဲ့ တူရကီအသင်း Incendio Supremacy (INC) တို့ဟာ Lower Bracket ရဲ့ Round 3 အဖြစ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Falcon Esports အသင်းဟာ INC ကို 3-2 ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

Game 1 မှာ Falcon Esports အနိုင်ယူပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် INC အသင်းဟာ Game 2 နဲ့ 3 မှာ ပြန်လည်အနိုင်ယူသွားခဲ့ပါတယ်။ ဒါကြောင့် Falcon Esports ဟာအကောင်းဆုံး ပြန်လည်ပြင်ဆင်ပြီး Game 4 နဲ့ Game 5 ကို အနိုင်ယူပြီး 3-2 ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။

Falcon Esports ဟာ နောက်တစ်ဆင့်မှာတော့ အင်ဒိုနီးရှားအသင်း RRQ Hoshi (သို့မဟုတ်) ဖီလစ်ပိုင်အသင်း Blacklist International နဲ့ ဇန်နဝါရီ ၁၃ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here