ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆုကို မလေးရှားနိုင်ငံသူ မီရှယ်ယို ရ

0
354

မလေးရှားနိုင်ငံဖွား သရုပ်ဆောင် မင်းသမီး မီရှယ်ယိုသည် ဇန်နဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် Everything Everywhere All At Once (EEAAO) ရုပ်ရှင်ဇာတ်လမ်းဖြင့် အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ယိုသည် အဆိုပါ ဆုကို ဒုတိယမြောက် ဆွတ်ခူးနိုင်ခဲ့သော အာရှနွယ်ဖွား အမျိုးသမီး သရုပ်ဆောင်ဖြစ်ပြီး ပထမအကြိမ်ကိုမူ Crazy Rich Asians တွင် သူနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သော အာ့ဝါဖီနာက ၂၀၂၀ ပြည့်နှစ်တွင် The Farewell ဇာတ်လမ်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

“ဟောလီဝုဒ်ဆိုတဲ့ အိပ်မက်ဟာ ဒီကိုရောက်လာမှ ပြည့်ဝခဲ့တာပါ။ နှစ်လေးဆယ်ကြာပြီးနောက် ဒီနေ့ ဒီနေရာကို ရောက်ရှိဖို့အတွက် တကယ်ကို မယုံနိုင်လောက်အောင် ကြိုးစားယူခဲ့ရပြီး ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်၊ ဒါပေမယ့် ဒါတွေက ထိုက်တန်တယ်လို့ ထင်ပါတယ်” ဟု ယိုက မိန့်ခွင်းပြောရာတွင် ပြောကြားခဲ့သည်။

ဟောလိဝုဒ်ကို ရောက်ခါစတွင် လူနည်းစုမျိုးနွယ်ဟု အခေါ်ခံခဲ့ရကြောင်းနှင့် တက်သစ်စ သရုပ်ဆောင်ဘဝတွင် အင်္ဂလိပ်စကားပြောနိုင်လားဟူ၍ အမေးခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဆုပေးပွဲအတွင်း ယို၏ အခက်ခဲဆုံး ပြိုင်ဖက်ဖြစ်သော သရုပ်ဆောင်မင်းသမီး ကိတ် ဘလန်းချက်က ဒရာမာအခြမ်းတွင် အကောင်းဆုံး မင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့ပေသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here