ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင် အာဆီယံကော်မတီ-ဆိုးလ် အစည်းအဝေးနှင့်အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းခြင်း အခမ်းအနားသို့တက်ရောက်

0
169

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်သည် အာဆီယံကော်မတီ-ဆိုးလ်(ASEAN Committee in Seoul-ACS)အစည်းအဝေး၊ ကော်မတီအလှည့်ကျ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားများသို့ ဆိုးလ်မြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားများအား ဇန်နဝါရီ ၁၁ ရက် (ယနေ့)နံနက် ၁၁ နာရီက ကိုရီးယားနိုင်ငံရှိ ကမ္ဘောဒီးယားသံအမတ်ကြီးနေအိမ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ACS ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားသံအမတ်ကြီးက ၎င်းတာဝန်ယူစဉ်အတွင်း ACS အနေဖြင့် အိမ်ရှင်ကိုရီးယားနိုင်ငံအစိုးရနှင့်ထိတွေ့ဆောင်ရွက်ခဲ့မှုများ၊ ASEAN Korea Centre (AKC)နှင့်ပူးပေါင်းဆောင်ရွက်၍ ကုန်စည်ပြပွဲများနှင့်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ကိုရီးယားပြည်သူများအား အာဆီယံဒေသ၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအား အသိပညာတိုးမြှင့်ပေးနိုင်ခဲ့မှုများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ACS ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးထံ လွှဲပြောင်းပေး အပ်ခဲ့သည်။

ACS ဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူခဲ့သည့် အင်ဒိုနီးရှားသံအမတ်ကြီးက လာမည့် ၆ လတာအတွင်း ကော်မတီအနေဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များကို လအလိုက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here