မွေးကင်းစကလေးအလောင်းအား စွန့်ပစ်မှု မြိတ်မြို့တွင်ဖြစ်ပွား

0
200

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဇေယျာသီရိ (၃) ရပ်ကွက်၊ ပေါ်ဦးတံတားအောက်တွင် မွေးကင်းစ ကလေးအလောင်းအား လာရောက်စွန့်ပစ်မှု  ယနေ့ (ဇန်နဝါရီ ၁၁) ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ကရုဏာနာရေးကူညီမူအသင်း (မြိတ်) ထံမှ သိရသည်။

” ကလေးက မွေးကင်းစ အရွယ်လေးပါ၊ မိန်းကလေးပါ၊ တွေ့ရှိတဲ့ သူတွေက အကြောင်းကြားလို့ ကျွန်တော်တို့သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ဖို့သွားတဲ့အချိန်မှာ ကလေးက အသက်မရှိတော့ပါဘူး၊ ဘယ်အချိန်ထဲက အသက်မရှိတော့တာလဲတော့ မသိပါဘူး” ဟု ကရုဏာနာရေးကူညီမူအသင်း (မြိတ်) မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာာနယူး(စ်) သို့ပြောသည်။

ပေါ်ဦးတံတားအောက်၌ စွန့်ပစ်ထားသည့် မွေးကင်းစအရွယ်ကလေး အလောင်းအား ကရုဏာနာရေးကူညီမူအသင်းနှင့် ကန်ဖျားရပ်ကြီးအသင်းတို့မှ ကလွင်ဘာသာစုံသုသာန်သို့ သယ်ဆောင်ပြီး မြေမြုပ်ပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here