ပြည်လမ်းတွင် ဓာတ်တိုင်ကို ၀င်တိုက်ပြီး ယာဉ်တစ်စီးအရှိန်လွန်တိမ်း‌မှောက် ယာဥ်မောင်းအမျိုးသမီးဒဏ်ရာရ

0
156

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်း၊ အေ၀မ်းကားမှတ်တိုင်အနီးတွင် ယမန်နေ့ ညပိုင်းက ယာဉ်တစ်စီးအရှိန်လွန်တိမ်း‌မှောက်မှုဖြစ်ပွားခဲ့ကြောင်း “ရွှေရောင်သမိုင်း” အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်းထံမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ အရှိန်လွန် ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင််းနှင်သူ အသက် (၄၀) အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ကားက ဓာတ်တိုင်ကိုတိုက်ပြီး အရှိန်လွန်တိန်းမှောက်ခဲ့တာဖြစ်ပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းနှင်သူ အမျိုးသမီးတစ်ဦးပဲပါပါတယ်။ ကားက ပက်လက်လန် တိမ်မှောက်သွားလို့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားပါတယ်၊ မစိုးရိမ်ရပါဘူး” ဟု “ရွှေရောင်သမိုင်း” မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် “ရွှေရောင်သမိုင်း” အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်း လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်ပြေးညီထွက်ခွါ၍ အဆိုပါထိခိုက်ဒဏ်ရာရရှိသူ အမျိူးသမီးအား လိုအပ်သည့်ကနဦး ပြုစုမှုများဆောင်ရွက်ပေးကာ မြောက်ဥက္ကလာပဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here