အာဆီယံအနေဖြင့် အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် မြန်မာအစိုးရ တိုက်တွန်း

0
181

အာဆီယံအနေဖြင့် မြန်မာအစိုးရက ကြေညာထားသည့် မည်သည့် အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်ထိတွေ့ဆက်ဆံခြင်းမပြုရန် သတိပေးတိုက်တွန်းသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန် သည်။

ဇန်နဝါရီလ (၁၁) ရက်က အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားမှုအပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ဇန်နဝါရီ (၁၁) ရက်နံနက်ပိုင်းက
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ရေးသားထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အာဆီယံအနေဖြင့် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားထားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ရပ်တည်ချက်များအတိုင်း ဆက်လက် ရပ်တည်ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ခြင်းကို မိမိနိုင်ငံ၏အမျိုး သားရေးအကျိုး စီးပွား၊အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင် တစ်နိုင်ငံမှမစွက်ဖက်ရေးစသည့် အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိကြော င်းလည်း အဆိုပါ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အား လွတ်လပ်သည့် အချုပ် အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက အစိုးရက ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here