အလာဘားမားပြည်နယ်တွင် လေဆင်နှာမောင်းများ ဝင်မွှေ

0
239

လေဆင်နှာမောင်းပေါင်း နှစ်ဒါဇင်ကျော်အထိ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ပြင်းထန်သော ရာသီဥတုကြောင့် အလာဘားမားပြည်နယ်အော်တာအူဂါ ခရိုင်တွင် လက်ရှိအချိန်အထိ လူငါးဦး သေဆုံးစာရင်းရရှိထားကြောင်း ခရိုင်စစ်ဆေးရေးမှူးက ကြာသပတေးနေ့ညနေပိုင်းက ပြောကြားခဲ့သည်။

“သေဆုံးမှုတွေ အများကြီးရှိပြီး အလောင်းတွေကို ရှာဖွေနေဆဲပါ” ဟု ခရိုင်စစ်ဆေးရေးမှူးက အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် လက်ရှိသိရသမျှ သေဆုံးစာရင်းကို ထုတ်ပြန်ပေးခြင်းဖြစ်သည်။

အဆိုပါ လေဆင်နှာမောင်းများကြောင့် အလာဘားမားပြည်နယ်တစ်ဝှမ်းရှိ ခရိုင်ခုနစ်ခုတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသား မိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ဂျရယ်ဆက်တာဝှိုက် က CNN သို့ ပြောကြားခဲ့သည်။

“ဒါဟာ တော်တော်ကို သိသာထင်ရှားတဲ့ လေဆင်နှာမောင်းတွေပါပဲ။ အပျက်အစီး အပိုင်းအစတွေဟာ လေထဲကို ပေ ၁၀,၀၀၀ မှ ၁၅,၀၀၀ လောက်အထိ လွင့်ပျံတက်ကုန်ကြပါတယ်” ဟု ဂျရယ်ဆက်တာဝှိုက် က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here