မင်းသား ဟယ်ရီ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ် တစ်ရက်တည်း အုပ်ရေ ၁ သန်းကျော် ရောင်းရ၊ အိုဘားမား စံချိန်ကို ချိုး

0
242

မင်းသားဟယ်ရီ၏ “Spare” ဟု အမည်ပေးထားသည့် ကိုယ်တွေ့မှတ်တမ်းစာအုပ်သည် တာထွက်ကောင်းလျက်ရှိကြောင်း သိရသည်။

Spare အား Penguin Random House စာအုပ်တိုက်က ဇန်နဝါရီလ ၁၀ ရက် အင်္ဂါနေ့တွင် စတင်ဖြန့်ဖြူး ထုတ်ဝေခဲ့သည်။

အဆိုပါ လူပြောများနေသာ ဟယ်ရီ၏ စာအုပ်သည် ထုတ်ဝေပြီး ၂၄ နာရီအကြာ၌ပင် အုပ်ရေ ၁ ဒသမ ၄ သန်းကျော် ရောင်းချခဲ့ရပြီး ပုံနှိပ်ထုတ်ဝေပေးသူ Penguin Random House စာအုပ်တိုက်အတွက် သုတစာပေ အမျိုးအစားတွင် စံချိန်ချိုးပေးနိုင်ခဲ့သည်။

စာအုပ်များကို အမေရိက၊ ဗြိတိန်နှင့် ကနေဒါတို့တွင် စံချိန်တင် ရောင်းချခဲ့ရပြီး e-books နှင့် ပုံနှိပ်ထုတ်ဝေမှုများ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် ထုတ်ဝေခဲ့သည်။

ပထမနေ့တွင် ရောင်းချခဲ့ရသော မင်းသားဟယ်ရီ၏ စာအုပ်အရေအတွက်သည် သမ္မတဟောင်း ဘားရက် အိုဘားမား၏ “A Promised Land” စာအုပ်နှင့် သူ၏ ဇနီး မစ်ရှယ် အိုဘားမား ရေးသားခဲ့သော “Becoming” တို့ထက် ကျော်လွန်သွားခဲ့ကြောင်း သိရသည်။

အိုဘားမား၏ ကိုယ်တွေ့မှတ်တမ်း စာအုပ်မှာ စတင်ရောင်းချပြီး တစ်ရက်အကြာတွင် အုပ် ၈ သိန်းကျော် ရောင်းချခဲ့ရပြီး မစ်ရှယ်၏ စာအုပ်မှာမူ ၇ သိန်းကျော် ရောင်းချနိုင်ခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here