ပန်းဆိုးတန်းတံတားအဆင်းတွင် Taxi နှင့် Hijet ကားတိုက် ၂ ဦးဒဏ်ရာရ

0
364

ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းတံတားအဆင်းတွင် ဇန်နဝါရီ ၁၃ ရက်(ယနေ့)နံနက်ပိုင်းက အဌားကား Taxiကားနှင့် Hijet ကားတို့တိုက်မိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ပန်းဆိုးတန်းတံတားအဆင်းတွင် Taxiကားနှင့် Hijet ကားတိုက်မိ၍ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းနှင့်လင်းလက်လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် Hijet ကားမောင်းသူနှင့်Taxiကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“လူနာ ၂ ယောက်ပဲရှိပါတယ် စိုးရိမ်ရတဲ့အခြေအနေမရှိပါဘူး Hijet ကားမောင်းတဲ့လူနဲ့ Taxiပေါ်ကအမျိုးသမီးတစ်ယောက်ရယ်ပါ”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား အရေးပေါ်ပြုစုကုသပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here