‌ဆွေးနွေးပွဲပြန်စရန် မြောက်ကိုရီးယား၌တာဝန်ရှိသည်ဟု ကုလအကြီးအကဲဆို

0
210

ကုလသမဂ္ဂ၊ဇန်နဝါရီ ၁၃

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏နျူအစီအစဉ်ကိုစွန့်လွှတ်ကာ ဆွေးနွေးညှိနှိုင်းရေးပြန်လည်ဖော်ဆောင်ရန် တာဝန်ရှိသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏နျူနှင့်ပဲ့ထိန်းဒုံးကျည်အစီအစဥ်များကြောင့် ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကိုခံခဲ့ရသည်။

ထို့ပြင် မြောက်ကိုရီးယား၊တောင်ကိုရီးယား၊တရုတ်၊အမေရိကန်၊ရုရှားနှင့် ဂျပန်တို့ပါဝင်သည့်ခြောက်နိုင်ငံနျူကင်းစင်ရေးဆွေးနွေးပွဲသည်လည်း ၂၀၀၉ ခုနှစ်ကရပ်ဆိုင်းသွားခဲ့သည်။

“မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့နျူလက်နက်အစီအစဉ်တွေကြောင့် အန္တရာယ်ပိုများလာပြီး ပထဝီနိုင်ငံရေးတင်းမာမှုတွေဖြစ်လာနိုင်ပါတယ်” ဟုလည်း မစ္စတာဂူတာရက်စ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း တိုက်ချင်းပစ်ဒုံးများအပါအဝင် ဒုံးကျည်စမ်းသပ်မှုပေါင်းများစွာကိုပြုလုပ်ခဲ့ပြီး နျူစမ်းသပ်ရန်လည်းအဆင်သင့်ပြင်ထားသည်ဟုပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here