ဗြိတိန်ရှိ တက္ကသိုလ်ပေါင်း ၁၅၀ မှ ဝန်ထမ်း ၇သောင်းကျော်က ၁၈ ရက်ကြာ သပိတ်မှောက်မည်ဟု ထုတ်ပြန်‌လာ

0
160

ဗြိတိန်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ပေါင်း ၁၅၀ မှ ဝန်ထမ်း ခုနှစ်သောင်းကျော်သည် လစာ၊ လုပ်ငန်းခွင်အခြေအနေများနှင့် ပင်စင်လစာများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများအပေါ် ဖေဖော်ဝါရီလနှင့် မတ်လကြား ၁၈ ရက်ကြာ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆန္ဒပြမည့် ရက်စွဲများကို လာမည့်အပတ်တွင် အတိအကျ ကြေညာသွားမည်ဟု တက္ကသိုလ်နှင့် ကောလိပ်များသမဂ္ဂ (UCU) က ပြောကြားခဲ့သည်။

မြင့်တက်လာနေသော ငွေကြေးဖောင်းပွမှုကြောင့်လူနေမှုစရိတ် အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်တွက် လစာကို သင့်တင့်မျှတစွာ တိုးပေးရန်နှင့် အလုပ်အကိုင် တည်မြဲရေး အာမခံ မရှိသော စာချုပ်များ ချုပ်ဆိုမှုကို အဆုံးသတ်ပေးရန်အတွက် သမဂ္ဂက တောင်းဆိုထားသည်။

တက္ကသိုလ်နှင့် ကောလိပ်ဆိုင်ရာ အလုပ်ရှင်များအသင်းသည် သမဂ္ဂအား ရငွေများထဲမှ ၄ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းကြား ပေးချေသွားမည်ဟု ကမ်းလှမ်းခဲ့သော်လည်း သမဂ္ဂက လုံလောက်မှုမရှိဟု ဆိုကာ ငြင်းပယ်ခဲ့သည်။

တက္ကသိုလ်များရှိ အကြီးအကဲများသည် ယခုနှစ်အတွင်း ဆန္ဒပြမှုများ အကြီးအကျယ် မဖြစ်စေလိုပါက အထက်ပါ တောင်းဆိုမှုများအား အမြန်ဆုံး ဖြေရှင်းပေးရမည်ဟု သမဂ္ဂက ပြောကြားခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here