Mobile Legend M4 Top 6 အဆင့်နဲ့ပဲ ကျေနပ်လိုက်ရတဲ့ Falcon Esports

0
310

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ Mobile Legend M4 ရှုံးထွက်အဆင့်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Falcon Esports အသင်းဟာ Top 6 အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

မြန်မာကိုယ်စားပြု Falcon Esport ဟာ အိမ်ရှင်အင်ဒိုနီးရှားအသင်း RRQ Hoshi နဲ့ Lower Bracket ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Falcon Esports အသင်းဟာ INC ကို 3-2 ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

Game 1 နဲ့ Game 2 မှာ RRQ Hoshi အနိုင်ရခဲ့ပြီးနောက် Falcon Esports ဟာအကောင်းဆုံးပြန်လည်ပြင်ဆင်လာခဲ့ကာ Game 3 နဲ့ Game 4 ကို ပြန်လည်အနိုင်ယူနိုင်ခဲ့ပေမယ့် အဆုံးအဖြတ် Game 5 မှာ RRQ Hoshi က အနိုင်ရခဲ့တာကြောင့် Falcon Esports ဟာ Top 6 အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဒီပြိုင်ပွဲဟာ Falcon Esports ရဲ့ ပထမဉီးဆုံး ယှဉ်ပြိုင်ခဲ့တဲ့ World Championship ပြိုင်ပွဲ ဖြစ်ပြီး နိုင်ငံအသီးသီးက အကောင်းဆုံးအသင်းတွေကြားမှာ မြန်မာအသင်းဟာလည်း တန်း တစ်ခုမှာ ရှိနေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here