မစ္စတာအာဘေးကိုပစ်ခဲ့သည်ဟု သံသယရှိသူအား လူသတ်မှုဖြင့်စွဲချက်တင်

0
181

တိုကျို၊ဇန်နဝါရီ ၁၃

ဇူလိုင်လက ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအား ပစ်သတ်ခဲ့သည်ဟု သံသယရှိသူကို သောကြာနေ့၌ လူသတ်မှုနှင့်စွဲချက်တင်လိုက်ကြောင်းသိရှိရသည်။

ယင်းအပြင် ၎င်းသည်လက်နက်ထိန်းချုပ်ရေးဥပဒေကိုပါ ချိုးဖောက်ခဲ့သည်ဟုယုံကြည်ရသဖြင့် အစိုးရရှေ့နေများက ၄င်းအား လက်နက်မှုဖြင့်လည်းတရားစွဲလိုက်သည်။

၎င်းသည်မစ္စတာအာဘေးအားလုပ်ကြံသည့်နေရာ၌ပင် ဖမ်းဆီးခံခဲ့ရပြီး ငါးလကြာသည်အထိ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ အိုဆာကာခရိုင်၌ ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးမှုများအား အင်္ဂါနေ့ကအပြီးသတ်ပြုလုပ်ခဲ့ပြီး ယနေ့တွင်နာရခရိုင်ရှိ ရဲစခန်းသို့ပြောင်းရွှေ့ကာ လူသတ်မှုဖြင့်စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

မစ္စတာအာဘေးအားလုပ်ကြံမှုဖြင့် စွဲချက်တင်ထားသူ ရာမဂမိသည် အလျား ၄၀ စင်တီမီတာရှိသည့် လက်လုပ်သေနတ်ဖြင့် မစွစတာအာဘေးအားလုပ်ကြံခဲ့ခြင်းဖြစ်ပြီး ၎င်း၏နေအိမ်မှလည်း လက်လုပ်သေနတ်ပြုလုပ်ရန်ဟုယူဆရသော ပစ္စည်းများအားဖမ်းဆီးရမိခဲ့ကြောင်းကို ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here