ကိုဗစ် ကြောင့် သေဆုံးမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ပြောဆိုမှုများအပေါ် တရုတ်က ပြန်လည်ချေပ

0
174

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့သော လူဦးရေအား တရားဝင် ချပြရာတွင် ပွင့်လင်းမြင်သာမှုမရှိဟူ၍ ပြောဆိုခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အား ပြန်လည်ချေပခဲ့သည်။

တရုတ်နိုင်ငံသည် ဗိုင်းရပ်နှင့် ပတ်သက်သည့် အချက်အလက်များကို အတော်အသင့် မျှဝေနေသော်လည်း သေဆုံးမှုများကိုမှု အလွန်အကျွံ လျှော့၍ အစီရင်ခံနေသည်ဟု WHO က ယခုအပတ်အတွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကိုဗစ်နှင့်ဆက်နွယ်နေသည့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ မျှဝေခဲ့ကြောင်း၊ ကပ်ရောဂါစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် လူတို့၏ အသက်နှင့်ကျန်းမာရေးကို ကာကွယ်နိုင်ရန်အတွက် နည်းပညာဖလှယ်မှုများကို ဆက်လက်ကျင်းပသွားရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝေါင် ဝမ်ဘင်က သတင်းထောက်များအား ဇန်နဝါရီလ ၁၂ ရက် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

“WHO က တရုတ်နိုင်ငံရဲ့ ကိုဗစ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေအပါ် သိပ္ပံနည်းကျ အကျိုးသင့် အကြောင်းသင့် အကဲဖြတ်ကာ မျှမျှတတ မှတ်ချက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟူ၍ ဝေါင်က ပြန်လည်တုံ့ပြန်ခဲ့သည်။

ထို့ပြင် ဝေါင်က ပေကျင်းသည် WHO နှင့် နီးနီးကပ်ကပ် အဆက်အသွယ်ထားရှိခဲ့ပြီး ပြီးခဲ့သည့်လအတွင်း နည်းပညာဆိုင်ရာ ဖလှယ်မှု ၅ ခုကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ပြောခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here