Honda Civic ကားပေါ်တွင်ဝှက်၍သယ်လာသည့် ငွေကျပ်သိန်း ၁၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄ သိန်းပြားခန့်အား နောင်ချိုမြို့နယ်တွင်ဖမ်းမိ

0
271

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မကျည်းရေကျေးရွာ၊ ဒုဌဝတီတံတား၏ နောင်ချို-ရပ်စောက်သွားကားလမ်းတွင် ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၉ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သော ပူး ပေါင်းအဖွဲ့သည် ဒုဌ၀တီတံတား၏ နောင်ချို-ရပ်စောက်သွားကားလမ်းတွင် ရီအေးဆာရ(၂၈)နှစ် မောင်းကာ ချောက်ကွမ်း(၃၈)နှစ်လိုက်လာသည့် Honda Civic ကားအားစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် ၎င်းတို့ ၂ ဦးအတူတကွသိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၈၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသူ ၂ ဦးအား နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here