ကျောက်ကြီး-ပဲနွယ်ကုန်းသွားကားလမ်းပေါ်ရှိ သံဘောင်ဘေလီတံတားအား PDF အဖွဲ့ဝင်များက Drop Bomb ၁ လုံးဖြင့်ပစ်ချတိုက်ခိုက် ပြည်သူ ၃ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

0
146

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊ကျောက်ကြီး-ပဲနွယ်ကုန်းသွားကားလမ်းပေါ်ရှိ သံဘောင်ဘေလီတံတားအား PDF အဖွဲ့ဝင်များက ဇန်နဝါရီ ၁၃ ရက်ညနေပိုင်းက Drop Bomb ၁ လုံးပစ်ချတိုက် ခိုက်ခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့ညနေ ၅ နာရီခန့်က ကျောက်ကြီး-ပဲနွယ်ကုန်းသွားကားလမ်း၊နတ်သံကွင်းကျေးရွာ၏ အ ရှေ့မြောက်ဘက်ရှိ သံဘောင်ဘေလီတံတားအား PDF အဖွဲ့ဝင်များက Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြသည်။

Drop Bomp ဗုံးသည် တံတား၏ အရှေ့မြောက်ဘက်ပေ ၂၀ ခန့်အကွာ၌ ကျရောက်ပေါက်ကွဲခဲ့၍ တောင်ယာမှပြန်လာသည့် အရပ်သားပြည်သူ ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံ ရေးအဖွဲ့ဝင်များက လိုအပ်သည့်ဆေးကုသမှုများပြုလုပ်ပေးပြီးနောက် နတ်သံကွင်းတိုက်နယ်ဆေး ရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here