မြန်မာနိုင်ငံ၏ကုန်သွယ်ဘက်နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်

0
230

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက Voice of the South Summit ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးများအဆင့် ဆွေးနွေးပွဲသို့တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ကာ အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ပြီး

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံများကိုလည်း ပြည်ထောင်စုဝန်ကြီးကတိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့်ပိုမိုအားကောင်းစေရေးအပြင် စီးပွားရေးအလားအလာကောင်းများရှာဖွေရန်၊ ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်နှင့် ခရီးသွားလုပ်ငန်းများကောင်းမွန်စေရန် တိုက်တွန်းဆောင်ရွက်သွားရေးနှင့်ပတ်သက်၍ အမြင်များဖလှယ်ရန်လည်း ဆွေးနွေးပြောကြားခဲ့သည်။

စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ပိုင်းရှိ နိုင်ငံများအားလုံးနှင့်နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပူးပေါင်းချိတ်ဆက်ရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲအား ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးများနှင့်ဒု-ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

Voice of the South Summit ၏ စီးပွားရေးနှင်ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးများအဆင့် ဆွေးနွေးပွဲအား ဇန်နဝါရီ ၁၃ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံမှ Virtual စနစ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here