မအူပင်လွတ်တော်အမတ်ဟောင်း ဦးစိန်ဝင်း၏ ပါတီ အမည်ပြောင်းရခြင်းအ​ကြောင်းရင်း

0
134

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ NUG တို့နှင့် ဆင်တူယိုးမှား ဖြစ်နေသည့် ယခင် NLD အမတ်ဟောင်း မအူပင်ဦးစိန်ဝင်း၏ NUD ပါတီအား NUDP ဟု အမည်ပြောင်းလဲ သတ်မှတ်ခွင့် ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ ပါတီ အမည်နှင့် ပါတီတံဆိပ်ပြောင်းလဲရန်လျှောက်ထားခြင်းကို ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ (၉) ရက် ရက်စွဲဖြင့် ပြောင်းလဲခွင့်ပြုကြောင်း အကြောင်းပြန်ကြားလာခြင်း ဖြစ်သည်။

ယခင် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD)မှ ပါတီအမည်ပြောင်းလဲခွင့်ပြုရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ‌တင်ပြလာသည့်အတွက် ယခုလို ပြောင်းလဲခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း UEC ကအကြောင်းပြန်ထားသည်။

အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် NLD အမတ်ဟောင်း ဦးစိန်ဝင်းက ဦးဆောင်၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

” ဘာလို့ ပြောင်းရတာလဲဆိုတော့ အခုက NUD နဲ့ NUG နဲ့က
နည်းနည်း ဆင်တူရိုးမှားဖြစ်နေတာပေါ့။ ဖြစ်နေတဲ့ အခါကျတော့ တချို့ ဆရာ့ရဲ့ NUG ပါတီဆိုပြီး မှားမှားပြော ကြတာပေါ့ ။ အဲဒါကြောင့်မို့လို့ ဟိုဖက်က NUG နဲ့ ကွဲလွဲသွားအောင်ဆိုပြီးတော့ ငါကပဲ လက်လျှော့ပြီးတော့ “P” တစ်လုံး ထပ်တိုးလိုက်တာ ” ဟု NUDP ပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောသည်။

ဦးစိန်ဝင်းသည် NLD ပါတီမှ လွတ်တော် ကိုယ်စားလှယ်အဖြစ် (၂) ကြိမ်အရွေးခံခဲ့ရသူဖြစ်ပြီး တောင်သူလယ် သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး သဘောထားချင်း
မတိုက်ဆိုင်သည့်အတွက် NUD ပါတီကို စတင်တည်ထောင်ခဲ့ခြ င်း ဖြစ်ကြောင်းလည်း သိရသည်။

“သူတို့လည်း သူတို့အကြောင်းတရားနဲ့ ရှိလိမ့်မယ်။
ငါလည်း ငါ့အကြောင်းတရားနဲ့ အလုပ်လုပ်တော့မယ်ဆိုပြီး NUD ကို သူတို့နဲ့ ကွဲ‌အောင်တော့ လုပ်တာပေါ့ကွာ။  သို့သော် ကြည့်လိုက်ရင်တော့ ဒါလည်း တစ်လုံးတည်း လွဲတာပဲ ။ ဟိုဟာနဲ့ NUG နဲ့ NUD နဲ့ကလည်း တစ်လုံးတည်း လွဲတာပဲ။ တစ်လုံးတည်း လွဲတာချင်းအတူတူ ငါကတော့ အခုက ရှောင်ပြီး ကစားတာပေါ့ကွာ ” ဟု ဦးစိန်ဝင်းက ပြောသည်။

NUDP ပါတီဟု အမည်ပေးရခြင်းမှာ  တစ်မျိုးသားလုံးစည်းလုံးညီညွတ်သော စွမ်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ကြရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် အမည်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းအနေဖြင့် မူလရည်မှန်းချက်ဖြစ်သည့် တောင်သူလယ်သမားအရေးနှင့် အလုပ်သမားလူတန်းစားအခွင့်အရေးများကိုလည်း ဆက်လက် လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်းလည်း မအူပင် ဦးစိန်ဝင်းက ပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here