စော်ကားပုတ်ခတ်သော အောင်ပွဲခံပုံများကြောင့် အာဂျင်တီးနားအသင်းအား ဖီဖာ အမှုဖွင့်

0
268

ဘောလုံးအဖွဲ့ချုပ် ဖီဖာသည် ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး တစ်လအကြာတွင် အာဂျင်တီးနားအသင်းအား စော်ကားပုတ်ခတ်သော အပြုအမူများကြောင့် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူနိုင်ရန် အမှုစတင်ဖွင့်လိုက်ပြီ ဖြစ်သည်။

ဗိုလ်လုပွဲအပြီးတွင် အာဂျင်တီးနားအသင်းသည် အထူးတလည် စော်ကားပုတ်ခတ်သော အပြုအမူနှင့် တရားမျှတသော ကစားပွဲဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းဟူသည့် ပုဒ်မ ၁၁ နှင့် ကစားသမားများနှင့် တာဝန်ရှိသူများ၏ လက်မခံ၍ မရသော အပြုအမူဟူသည့် ပုဒ်မ ၁၂ ကို ချိုးဖောက်နိုင်ချေရှိကြောင်း ဖီဖာက ဇန်နဝါရီလ ၁၃ ရက် သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အာဂျင်တီးနားကစားသမားများသည် ပြင်သစ်ကို အနိုင်ရ၍ အောင်ပွဲခံစဉ် အင်တာဗျူးသည့် အခြမ်းဘက်သို့ တိုးဝှေ့ဝင်ရောက်လာခဲ့သဖြင့် အခန်းကန့်ထားသော နံရံများ ပျက်စီးသွားကြောင်း မီဒီယာမျိုးစုံက ဖော်ပြထားသည်။

သို့ရာတွင် ထိုသို့အရေးယူခံရခြင်း၏ အဓိက အကြောင်းရင်းမှာ အာဂျင်တီးနား ဂိုးသမား မာတီးနက်ဇ်၏ အောင်ပွဲခံကြောင့် ဖြစ်သည်ဟု လူအများက ယူဆကြသည်။ မာတီးနက်ဇ်သည် ရွှေလက်အိတ်ဆုကို လက်ခံရယူပြီးနောက် ညစ်ညမ်းသော အပြုအမူမျိုး လုပ်ပြခဲ့ပြီး ထိုအပြုအမူကြောင့် လူအများ၏ ပြောစရာဖြစ်ခဲ့သည်။

ထို့ကြောင့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အာဂျင်တီးနားအသင်းအား ဖီဖာ၏ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာဖလား စည်မျဉ်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၊ ၁၂ နှင့် ၄၄ တို့ကို ချိုးဖောက်နိုင်ချေရှိမှုဖြင့် အမှုဖွင့်လိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here