တရုတ်နိုင်ငံအရေးနှင့်ပတ်သက်၍ ဂျပန်၊အမေရိကနှင့်ဥရောပတို့ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဂျပန်ဝန်ကြီးချုပ်ပြောကြား

0
102

ဝါရှင်တန်၊ဇန်နဝါရီ ၁၄

ပေကျင်း၏မြင့်တက်လာနေသော စိန်ခေါ်မှုများကိုရင်ဆိုင်ရန် ဂျပန်၊ အမေရိကနှင့်ဥရောပတို့အနေဖြင့် အတူတကွပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကပြောကြားခဲ့သည်။

နိုင်ငံတကာအစီအစဥ်အတွက် တရုတ်နိုင်ငံ၏မျှော်မှန်းချက်မှာ တိုကျို၊ ဝါရှင်တန်တို့၏မျှော်မှန်းချက်အမြင်များနှင့် ကွဲလွဲနေပြီး မဟာမိတ်များလက်မခံနိုင်သည့်နည်းလမ်းအချို့ကြောင့် တရုတ်နိုင်ငံသည် ဂျပန်နှင့်အမေရိကတို့အတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်း ကီရှီဒါကပြောကြားခဲ့သည်။

အရှေ့တရုတ်ပင်လယ်ထဲမှ အငြင်းပွားမှုများဖြစ်ပေါ်နေသည့် ဆန်းကခုကျွန်းငယ်များအနီး တရုတ်၏စစ်ရေးလှုပ်ရှားမှုများနှင့် ဂျပန်ရေပိုင်နက်အနီးကျရောက်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများကြောင့်လည်း စိုးရိမ်မိကြောင်း ကီရှီဒါကထပ်လောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ကီရှီဒါနှင့်အိမ်ဖြူတော်၌တွေ့ဆုံစဉ်အတွင်း ကန်သမ္မတဂျိုးဘိုင်ဒင်ကမူ အမေရိကအနေဖြင့် ဂျပန်၏မဟာမိတ်အဖြစ် အခိုင်အမာဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့်လကကြေငြာခဲ့သည့် တိုကျို၏ကာကွယ်ရေးတိုးမြှင့်မှုနှင့် စစ်အင်အားတိုးချဲ့မှုအတွက်လည်း ချီးကျူးကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Source : Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here